Verse 1
အပြစ်၌ရှိနေအချိန်ကတည်းက
တစ်ပါးတည်းသားတော်စေလွတ်ပေးခဲ့တယ်
ရှိသမျှအကုန်လုံး ကိုယ်တော်ပေးခဲ့တယ်
တစ်လောကလုံးမှာ ကျွန်ုပ်တစ်ယောက်တည်း
ဒုစရိုက်အပြစ်နွံထဲကျရောက်ခဲ့လည်း
သူရွေးနှုတ်မှာဘဲ အဲဒီလောက်ချစ်ခဲ့တယ်
Chorus:
အဖရဲ့ချစ်ခြင်းမေတ္တာအလွန်ကြီးမား
တုနှိုင်းလို့မရနိုင်ပါ
ဘယ်အရာနဲ့မှ အစားထိုးမရနိုင်ပါ
အဖရဲ့ကျေးဇူးကရုဏာတော်အသစ်နဲ့
ကောင်းကြီးများစွာရယ်
နံနက်တိုင်း သွန်းလောင်းပေးတယ်
Verse 2
အမိဝမ်းထဲရှိစဉ်ကတည်းက
ကျွန်ုပ်အတွက်အကောင်းဆုံးကြံစည်ပေးထားတယ်
ဖြစ်သမျှအကုန်လုံး ကိုယ်တော်သိနှင့်တယ်
နုတ်ဖြင့်မမြွတ်ဆိုခင်ကတည်းက
ကျွန်ုပ်ရဲ့တောင်းဆိုသံနားညောင်းပေးတယ်
အမြဲတမ်းအချိန်တိုင်း ကူညီမစတယ်
Bridge:
// အဖရဲ့အဂ္ဂါပေချစ်ခြင်း
အဖရဲ့အဂ္ဂါပေချစ်ခြင်း
အဖရဲ့အဂ္ဂါပေမေတ္တာ //
-----------------------------
#အဖမေတ္တာ (Composer: Kim Pau)
#အဖမေတ္တာ Lyrics
Comments
Post a Comment